Htet Aung Kyaw
Monks in Three pagoda pass
updated
(၁၈ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲ ၆ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနက် ၁၁ လက်ရရှိတယ်လို့ Mandalay Free Press က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး ရဲတပ်သားနဲ့ဗိုလ်အဆင့် ၆ ဦးသေဆုံး၊ ဗိုလ်လေးအဆင့် ၂ ဦးနဲ့ တပ်သား ၂ ဦးကို လက်ရဖမ်းမိ၊ G3 ၉ လက်၊ G4 ၁ လက်၊ MA15 တစ်လက်၊ ပစ္စတို တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- စစ်ကောင်စီတပ်သား ၁၄ ဦး၊ လက်နက် ၇ လက်နဲ့အတူ ကလေးခရိုင် ပကဖ Drone တပ်ဖွဲ့ (Wings of Kalay) ထံခိုလှုံလာ...
- ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီ ပြည်သူ့စစ် (SNA) တပ်ရင်း(၁၅)က တပ်သားတဦး AK တလက်နဲ့အတူ စက်တင်ဘာ ၈ ရက်နေ့က ဗန်းမောက်မြို့နယ် ပကဖ ထံ ခိုလှုံလာ...
- ဗန်းမောက်မြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး မြစ်သေးချင်းရွာက ကာကင်း စခန်း ၂ ခု၊ တာဝါတိုင်ကုန်း၊ ကျွဲကောကုန်း၊ စက်တောကုန်း အပါဝင် စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ်တွေရဲ့ ကာကင်းစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေဖက်က သိမ်းပိုက်...
- စစ်ကောင်စီတပ်တွေဟာ BGF နယ်ခြားစောင့်တပ် အကူအညီနဲ့ မေတ္တာလင်းမြိုင်ရွာဖက် စစ်အင်အားတွေပို့နေပြီး သေ့ဘောဘိုးစခန်းနဲ့ ဝေါလေလမ်းကြောင်းဖက်ကို စစ်ကြောင်းထိုးဖို့ပြင်နေ...
- ထားဝယ်မြို့ရှိ -ထားဝယ်မြို့တော်ခန်းမသစ်- ဖွင့်ပွဲကို စစ်ကောင်စီဥက္ကဌတက်ရောက်ဖို့ရှိတယ်ဆိုတဲ့သတင်းတွေနဲ့အတူ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က အနီးဝန်းကျင်ရှိ ၄ မြိုံနယ်စလုံးကို စစ်လေယာဉ်နဲ့ဗုံးကြဲနေ...
- ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းတွေ လုံခြုံရေးအတွက် တရုတ်လုံခြုံရေးကုမ္ပဏီ ၂ ခုကို စစ်ကောင်စီ ပြည်ထဲရေးဌာနက လိုင်စင်ချပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၁၇- စက်တင်ဘာ - ၂၀၂၅)
“ရွေးကောက်ပွဲမဖြစ်စေချင်ရင် ပြည်သူတွေကို မဲမထည့်ကြနဲ့ဆိုပြီး ပြောနေရုံနဲ့မရဘူး။ ကိုယ့်ဒေသထဲကနေ ခုခံစစ်နဲ့စောင့်နေလို့ မရဘူး။ စစ်ကောင်စီကို ထိုးစစ်နဲ့ သွားတိုက်မှကိုရမယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲအချို့နေရာတွေမှာ စစ်တပ်ဖက်က အသာစီးရလာနေတာ၊ ရွေးကောက်ပွဲ လေလံကျယ်လာတာတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုတုန့်ပြန်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ KNLA နဲ့ မဟာမိတ်တွေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ...
- ဗန်းမော်တိုက်ပွဲအတွင်း သိမ်းပိုက်ထားပြီးသား နေရာ ၂ ခုကနေ KIA တပ်တွေ ပြန်ခွာပေးခဲ့ရခြင်းက ဘယ်လိုအဓိပါယ်လဲ...
- စစ်မျက်နှာအတော်များများမှာ တော်လှန်ရေးတပ်တွေ နောက်ပြန်ဆုတ်နေရပေမယ့် ရခိုင်စစ်မျက်နှာမှာ AA က ရှေ့ဆက်တိုးနေနိုင်တာ ဘာကြောင့်လဲ...
- ရွေးကောက်ပွဲအကြိုကာလကို တော်လှန်ရေးတပ်တွေက ခုခံစစ်နဲ့ရင်ဆိုင်မှာလား... ထိုးစစ်ဆင်ပြီး စစ်ကောင်စီကို စိန်ခေါ်မှာလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၇ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဒေသရှိ ဗန်းမောက်မြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေရတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီဖက်က တပ်မ ၇၇ တပ်တွေနဲ့ SNA ရှမ်းနီ ပြည်သူ့စစ်တပ်တွေ အထိုင်ချထားတဲ့ မြို့ပြင်က ကာကင်းစခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်တိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- မုံရွာမြို့နယ်၊ ကျောက္ကာရွာအနီး စခန်းချပြီး ဂိတ်ဖွင့်ငွေကောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံး...
- ကျုံဒိုးမြို့အနီးရှိ ဗျုဟာအရ အရေးပါတဲ့ “ကျုံဘိုင်း ဗျက္ခသီ” ဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေ...
- ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ခမောက်ငယ်ရွာဖက် စက်လှေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတွေ ဒါဇင်နဲ့ချီသေဆုံး...
- အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အဖွဲ့ မောင်တောမြို့ကိုရောက်လာပြီး မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံးပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို စက်တင်ဘာ ၁၂ မှာ ဖွင့်လှစ်...
- လောင်းလုံးမြို့နယ် ပကဖ ရဲ့ အပတ်စဉ်(၂ /၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စက်တင်ဘာ ၅ ရက်နေ့က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၆ - စက်တင်ဘာ - ၂၀၂၅)
အာရက္ခတပ်တော် AA က မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့ ရခိုင်-မကွေးအစပ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်သားသစ် ၅ ဦး လက်နက်နဲ့အတူ ထွက်ပြေးလာတယ်လို့ မင်းဘူးခရိုင်၊ အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီစစ်သားသစ်တွေဟာ စကခ အမှတ်(၁၇) လက်အောက်ခံ ခမရ (၅၂၀)က ဖြစ်ပြီး နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ အပို့ခံထားရစဉ်မှာ ထွက်ပြေးလာတာ လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ၄ ဦးဒဏ်ရာရ...
- နောင်ပိန် - ကျောက်မဲလမ်းမကြီးပေါ်က ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲပြင်းထန်နေ...
- တောင်ငူ-လိပ်သို လမ်းပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် စစ်သား ၄ ဦးသေပြီး ဒဏ်ရာရသူများ...
- ရေးမြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိစခန်းနဲ့ မော့ကနင်ရွာအနီးရှိ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများ...
- ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူသုံး၊ အရပ်သားသေဆုံးမှုရှိနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၅- စက်တင်ဘာ - ၂၀၂၅)
ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးခစန်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၃ လက်နဲ့ခဲယမ်းတွေ သိမ်းမိတယ်လို့ KNU ဘိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၁၂)ရက်နေ့မှာ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဆီ ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ တောင်ပံကို ထိမှန်တယ်လို့ ယူဆရ...
ဒါ့အပြင်...
- စလင်း - ဆင်ဖြူကျွန်း လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီနဲ့ ပျု အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ပစ်ရာမှာ ပျု ၃ ဦးသေဆုံး...
- ညောင်ကျိုးခစန်းနဲ့ ညောင်ခြေတောက်စခန်းကြား၊ ကပစ ၆ အနီးဝန်းကျင်မှာ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေ...
- ရုရှားက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်းဒေသရှိ ပရဒတ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ဆေးတဲ့တွက် ကျောင်းသားတွေ ကြောက်လန့် ငိုယို...
- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းပါဝင်တာတွေ လုပ်မယ်ဆိုရင် ပါတီစဉ်းမျဉ်းစည်းကမ်းတွေအရ ထိရောက်စွာ အရေးယူခံရမယ်လို့ NLD ဗဟိုအလုပ်ကော်မတီက သတိပေးချက် ထုတ်ပြန်...
- နွားထိုးကြီးမြိုန့ယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အပတ်စဉ် (၅) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၃ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ ဖက်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၁၁) ရက်၊ မနက် (၁၁) နာရီခန့်မှာ ခမရ (၁၆) က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၃ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ မော်တာ တလက်၊ MA-1 (၄) လက်အပါဝင် လက်နက်ငယ် ၇ လက်နဲ့ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ဗန်းမော်စစ်မြေပြင်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ နေရာတွေကို စစ်တပ်ဖက်က ပြန်သိမ်း...
- ဖားအံကနေ ထပ်တက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကျုံဒိုး-ကော့ကရိတ်-ကားလမ်းမှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်...
- သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဖက်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် ၅ ဦးသေပြီး ၂ ဦး ဒဏ်ရာရ...
- ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းသား ၁၉ ဦးသေဆုံးပြီး ၂၂ ဦး ပြင်းထန်စွာဒဏ်ရာရ...
- ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း ကာကင်းစခန်းက စစ်သားတဦး MA1 (၁) လက်နဲ့အတူ စက်တင်ဘာ (၇ )ရက်က ပဲခူးခရိုင် အမှတ် တပ်ရင်း (၂) P2-3702 ထံ ခိုလှုံလာ..
- ဒီမောဆိုအခြေစိုက် ခမရ ၄၂၈ က စစ်သားတဦးဟာ MA1 နဲ့ MA3 သေနတ် ၂ လက်ယူဆောင်လာပြီး KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၂ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အလောင်း ၄ လောင်းနဲ့ လက်နက် ၅ လက်ရရှိ၊ ၇ ဦးကို လက်ရဖမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်မှာ ဒကစ (ကလေး) က ဗိုလ်မှူး ရဲမျိုးမင်း ဦးစီးတဲ့ ခမရ တပ်ရင်း ၃ ခုက စစ်သားတွေ၊ SNA ရှမ်းနီပြည်သူ့စစ်တွေ၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်းနဲ့ နာဂ သူပုန်တွေပါဝင်တဲ့ အင်အား ၁၃၀ ခန့်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိ တဦး အပါအဝင် စစ်သား ၅ ဦးပြင်းထန်စွာ ဒဏ်ရာရ...
- ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က အလောင်း ၂၀ ခန့် ကျန်ခဲ့...
- ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဟာ ကျောက်မဲနဲ့ ၁၀ မိုင်ကွာအထိ ရောက်လာ...
- ကော့ကရိတ်-အာရှလမ်းကနေ စစ်ကောင်စီတပ်တွေ မြဝတီကိုရောက်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ် (၁)တံတားအပါဝင် အရေးကြီးနေရာတွေကနေ BGF -ကရင်နယ်ခြားစောင့်တပ်ကို နောက်ပြန်ဆုတ်ခိုင်းနေ...
- ပုလောမြိုနယ်၊ ထမင်းမစားရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၈ ရက်မှာ တော်လှန်ရေးတပ်တွက သိမ်းပိုက်ပြီးနောက် စစ်တပ်ဖက်က တန်ပြန်ထိုးစစ် ဆင်လာတယ်၊ တော်လှန်ရေးတပ်တွေက ပြန်တိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေပြီး ပြန်ဆုတ်သွား...
- ရသေ့တောင်မြို့နယ် ပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းလှေ အစီး (၈၀) ခန့်ကို ဖမ်းဆီးရာမှာ ၅ စီးဖမ်းမိတယ်၊ အဲဒီထဲမှာ အကြမ်းဖက် သမားတွေပါလာတယ်၊ AA ကမ်းခြေစောင့်တပ် အရာရှိတဦးနဲ့ တပ်သားတဦးကို သတ်ဖြတ်ပြီး သေနတ်လုယူကာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွား...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၁- စက်တင်ဘာ - ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး သို့မဟုတ် နတ်ရေကန်တောင်ကုန်း အနီးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၆၀ ကျော်ကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ စတင်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအချိန် ၈ နာရီကြာတယ်၊ တခါ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် (တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းအနီးမှာ ညနေ ၅ နာရီခန့်မှာ ၃ နာရီကြာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၁၀ ကျော်သေ၊ လက်နက်များစွာ ထပ်မံသိမ်းမိတယ်လို့ဖေါ်ပြပါတယ်။
ဒါ့အပြင်...
- ပွင့်ဖြူမြို့နယ်မှာ စင်တင်ဘာ ၆ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က ၁၈ ဦးသေဆုံးတယ်လို့ Generation Z Army က သတင်းထုတ်ပြန်...
- ရေး-ထားဝယ် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးပြီးနောက် ခရီးသည်ကားတွေကို ကာဗာယူပြီး စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်နေ...
- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ကရင်နယ်ခြားစောင့်တပ် (BGF)က အကူအညီပေးခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ BGF အမှတ် (၂) စစ်ဒေသ၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း က ငြင်းဆို...
- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂ ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၀ - စက်တင်ဘာ - ၂၀၂၅)
ကချင်ပြည်နယ်မှာ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့် ၃ နေရာစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးရှိတယ်၊ ဒါပေမယ့် မြေပြင်အနေအထားကတော့ တဖက်နဲ့တဖက် စခန်းသိမ်းနိုင်တာမျိုး မရှိသေးဘူးလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။
ဒါ့အပြင်...
- ကျောက်ဖြူမြို့နယ်ထဲ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီ သေဆုံး...
- ဘုတလင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရက် ၂၀ နီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရပြီး သေနတ် ၂ လက် သိမ်းမိ...
- ရွှေကုက္ကူအခြေစိုက် ကရင်နယ်ခြားစောင့်တပ်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ စောမင်းမင်းဦး၊ ဗိုလ်မှူး စောတင်ဝင်းနဲ့ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းအချို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူ...
- ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျုဟာ အမှတ် (၇)ရဲ့ အပတ်စဉ် (၂၈) မွမ်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ (၇)ရက်နေ့က ကျင်းပ...
--- စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဆလိုင်းယောအောင် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၉ - စက်တင်ဘာ - ၂၀၂၅)
“ကော့ကရိတ်-မြဝတီ-အာရှလမ်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့စလုံးရှိနေတဲ့အတွက် ရှုပ်ထွေးမှုရှိတယ်၊ BGF အဖွဲ့ကို စစ်တပ်က ပြန်အသုံးချသွားလို့ အခုလိုဖြစ်လာရတာ” လို့ စစ်ရေး - နိုင်ငံရေ လေ့လာဆန်းစစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။
အောင်ဇေယျစစ်ကြောင်းကို တနှစ်ကျော် ရင်ဆိုင်ထားပြီးမှ ဘာကြောင့် ရုတ်တရက် အာရှလမ်းမကြီးတခုလုံးကို ပေးလိုက်ရတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ကော့ကရိတ်-မြဝတီ-အာရှလမ်းတိုက်ပွဲမှာ KNLA နဲ့ PDF တွေ ဘာတွေအားနည်းခဲ့သလဲ...
- BGF ရဲ့ သစ္စာဖောက်မှုကို ဘာကြောင့် တကြိမ်မက ခံနေရတာလဲ...
- ကော့ကရိတ်-မြဝတီအပြင် သောင်ရင်းမြစ်ဘေးရှိ တပ်မဟာ ၆၊ တပ်မဟာ ၇ ဖက်ကိုပါ စစ်တပ်က ထိုးစစ်ဆင်လာနိုင်သလား...
- လက်ရှိစစ်ရေးအခြေအနေမှာ တော်လှန်ရေးက ခုခံစစ်ဖြစ်သွားပြီလား...
- နေရာတခုချင်း ကိုယ့်အစီစဉ်နဲ့ကိုယ် တိုက်တာကိုရှောင်ပြီး အင်အားစုအားလုံး ဟန်ချက်ညီတိုက်နိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၉ - စက်တင်ဘာ - ၂၀၂၅)
ညောင်ကျိုးဖက်ကနေ ထိုးဝင်လာတဲ့ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ - ၆)နဲ့ ကပစ(၁၆)အနီးထိရောက်ရှိလာပြီလို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်မှာ ညောင်ကျိုးကိုလာတိုက်တဲ့ စစ်ကောင်စီတပ်တွေကို ပြန်တိုက်ရင်းကနေ ညောင်ခြေတောက်ဖက်ရှိ ဆင်လမ်းကျေးရွာနားအထိ တော်လှန်ရေးတပ်တွေ ရောက်နေပြီလို့ AA က ကြေညာပြီး ရက်ပိုင်းအတွင်းမှာ အခု ညောင်ခြေတောက်နဲ့ ၂ မိုင်သာဝေးတဲ့ ကပစ(၆)အနိးထိ AA တပ်တွေ ရောက်လာတာဖြစ်ပါတယ်။
ဒါ့အပြင်...
- နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာဆီ စစ်ကူတက်ဖို့ပြင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို (AA)က လက်ဦးမှုယူ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် စစ်တပ်ဖက်က သေဆုံးမှုများပြီး ၂၀ ခန့်ကို သုံ့ပန်းအဖြစ် ဖမ်းဆီး...
- ပုလောမြိုန့ယ်၊ ထမင်းမစားရွာရှိ စစ်တပ်အခြေစိုက်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်...
- လေးကေ့ကော်မြို့သစ်ရှိ ရသေ့ဂူရွာကို စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲပြီးနောက် မြေပြင်တပ်တွေကလည်း မယ်ထော်သလေးရွာနဲ့ မဲကနယ်ရွာဖက် ထိုးဝင်လာနေ...
- ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာဖက် ကင်းလှည့်လာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ သေနက် ၅ လက်သိမ်းမိ...
- ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြန် ပြင်းထန်နေပြီး ပွိုင့်ဖိုက်- စက်သေ နတ်ကြီးများအပါအဝင် လက်နက်နဲ့ ခဲယမ်းအချို့ KIA က သိမ်းမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၈- စက်တင်ဘာ - ၂၀၂၅)
ကရင်ပြည်နယ်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စက်တင်ဘာ ၆ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြပါတယ်။ တိုက်ပွဲကြီး- တိုက်ပွဲငယ် (၃၈၂)ကြိမ်ဖြစ်ပွားပြီးနောက် အခုလို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ၂၀၂၄ ဧပြီလမှာ စတင်ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ကြောင်းကို ၂၀၂၅ စက်တင်ဘာလ (၅) ရက်နေ့အထိ ရက်ပေါင်းမှာ (၅၀၃) ရက်ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNLA ပြောဆို...
- ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့က စစ်ကောင်စီကို ကူညီလိုက်တဲ့တွက် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က အခုလို အလွယ်တကူသိမ်းနိုင်လိုက်တာလို့ လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဖေါ်ပြ...
- မြဝတီနဲ့ သင်္ကန်းညီနောင်ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီးတဲ့နောက် လေးကေ့ကော်ဒေသကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်လာနိုင်တဲ့အတွက် ဒေသခံတွေ ယာယီရွှေ့ ပြောင်းဖု့ိပြင်ဆင်...
- ရေး – ထားဝယ်ကားလမ်းပေါ်ရှိ မရမ်းချောင်းရွာအထွက်နားမှာ ခရီးသည်ယာဉ်တန်း ပစ်ခတ်ခံရပြီး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်အကူ သေဆုံး...
- သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ ၁၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး အလောင်း ၂ လောင်းနဲ့ သေနတ် ၂ လက်ရရှိ၊ ၆ ဦးကို လက်ရဖမ်းမိ...
- ပေါက်မြို့နယ်၊ ပေါက် - ဆိပ်ဖြူလမ်းအနီးထွက်လာတဲ့ ကစပ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၆- စက်တင်ဘာ - ၂၀၂၅)
“စစ်ကောင်စီဖက်ကို ထောက်ခံမှုပေးနေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ သဘောထားကို ပြောင်းစေချင်ရင် တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ကုလားတန်စီမံကိန်းရှိတဲ့ စစ်တွေမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပြနိုင်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်၊ လက်ရှိ စစ်ရေး-နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ ...
- တရုတ်နိုင်ငံမှာ အာဏာရှင်တွေ စုဆုံခြင်းကို နိုင်ငံရေးအရ ဘယ်လိုနားလည်ကြသလဲ...
- တရုတ်က စကမ ကိုဘာတွေပေးပြီး - စကမ က တရုတ်ကို ဘာတွေပြန်ပေးရမှာလဲ...
- UWSAက ခေါ်ပြောတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမျာ KIA နဲ့ AA မပါတာ ဘာကြောင့်လဲ...
- ပြည်နယ်အလိုက် စစ်ကောင်စီကင်းစင်ရေးအစား ပြည်နယ်ပေါင်းစုံပူးပေါင်းပြီး မဟာဗျုဟာမြောက် စဉ်းစားရေးဆိုတာ ဘာကို ဆိုလိုတာလဲ...
- ကျောက်ဖြူနဲ့ စစ်တွေ သိမ်းပိုက်ရေးက ဗန်းမော်သိမ်းရေးထက် ဘာကြောင့် ပိုအရေးကြီးသလဲ...
- တော်လှန်ရေးအင်အားစုတွေ ခံစစ်အခြေအနေကနေ ထိုးစစ်အခြေအနေကို ပြန်ရောက်အောင် ဘယ်လို ဗျုဟာတွေ လိုအပ်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၆ - စက်တင်ဘာ - ၂၀၂၅)
ရခိုင်-မကွေး၊ ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ အစပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ AA - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က မကွေးတိုင်း ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက် စစ်ကြောင်းအလိုက်ပြုတ်၊... ပန်းတောင်းမြို့နယ်၊ ဆင်လမ်ကျေးရွာတိုက်ပွဲမှာလည်း စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်တွေ သိမ်းမိ...
ဒါ့အပြင်
- ဗန်းမော် အခြေစိုက် စကခ (၂၁)သို့ စစ်လက်နက်ပစ္စည်းတွေ ပို့ပေးပြီး ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းလာတဲ့ စစ်ကောင်စီသဘောင်္တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ သဘောင်္တစီး မီးလောင်...
- ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...
- ထားဝယ်မြို့ နယ် ပကာရီကျေးရွာကနေ မေတ္တာမြို့နယ် ကျောက်မဲတောင်ရွာဖက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရက် ၂၀ ခန့်ကြာတဲ့အထိ သတ်မှတ်နေရာကို မရောက်နိုင်ပဲ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရ...
- သီတင်းပတ်နဲ့ချီ တိုက်ပွဲကြီးတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းရှိ အာရှလမ်းသစ်အပါဝင် အရေးကြီးနေရာတွေကနေ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ခွာစစ်ဆင်နေရဟု သတင်းထွက်ပေါ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၅- စက်တင်ဘာ - ၂၀၂၅)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲ အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၆၀ မမ အပါဝင် လက်နက် ၇ လက်သိမ်းမိတယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ ဗိုလ်ကြီးတဦးအပါဝင် စစ်သား ၇ ဦးသေ၊ ၆၀ မမ မော်တာ တလက်၊ MA လက်နက်ငယ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဒါ့အပြင်...
- နတ်မောက်မြို့နယ်၊ တက်ဝန်ရွာအခြေစိုက် ပျုစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျုခေါင်းဆောင်အပါဝင် ၅ ဦးသေဆုံး၊ လက်နက်ငယ် ၈ လက်သိမ်းမိ...
- မြဝတီမြို့နယ်၊ သင်္ဃန်ညီနောင်အနီးရှိ ထီးမူးထ၊ နို့ဖိုး ကျေးရွာတွေမှာ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ပြီးတဲ့နောက် ဒေသခံ ၂၀၀ ခန့် စစ်ဘေးရှောင်နေရ...
- စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ဒေသ၊ မြဝတီမြို့အနီး၊ သောင်ရင်းမြစ်ကမ်းရှိ ကျောက်ခက်စခန်းကို စစ်ကောင်စီက ကာမီကာဇီ ဒရုန်း ၂ စင်းနဲ့တိုက်ခိုက်...
- ညောင်ကျိုးစခန်းဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်က ပြန်လည် ထိုးစစ်ဆင်ရာမှာ သိမ်းမိတဲ့ ကာကင်းစခန်းဟာ တခုမကပဲ ၅ ခုအထိရှိလာပြီး ကပစ ၆ ဖက်ကို ပိုနီးလာ...
- မော်လိုက်မြို့နယ်အခြေစိုက် စစ်တပ်နဲ့ SNA ရှမ်းနီ ပြည်သူ့စစ် ၁၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းထံ ခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၄ - စက်တင်ဘာ - ၂၀၂၅)
ပဲခူတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေပြီး သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်တပ်ဖက်က ဗိုလ်ကြီးတဦးအပါဝင် ၈ ဦးထက်မနည်းသေဆုံး၊ RPG (၁)လက်၊ လက်နက်ငယ် (၇)လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဒါ့အပြင်...
- ကော့ကရိတ်-မြဝတီ ဒေါနတောင် လမ်းဟောင်းပေါ်က ရန်ကုတ်ရွာအနီးရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA, PDF ပူးပေါင်းတပ်တွေက ချေမှုန်းတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး စစ်ကြောင်းပါ ပျက်သွား...
- စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ရဲ့ ကျိုက်မရော စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့တိုက်တဲ့အတွက် ခရီးသည်တဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ...
- ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းရွာဝန်းကျင်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်လာ...
- မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီက Y-12 လေယာဉ်တွေ၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့တွက် ဓာတ်အားပေးစက်ရုံ ပျက်စီးသွား...
- မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) ရဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲကို ဩဂုတ် ၃၁ ကကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ကိုစိုးဝင်းဆွေ (ဥက္ကဌ - စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)
(၃ - စက်တက်ဘာ - ၂၀၂၅)
“တော်လှန်ရေးက ခံစစ်ဖြစ်သွားပြီလို့ပြောနေကြတာတွေဟာ မမှန်ဘူး။ နေရာတခုချင်း ကွက်ကွက်လေးကိုမကြည့်ပဲ တစုံလုံးကိုကြည့်နိုင်မယ်ဆိုရင် တော်လှန်ရေးက ပိုခိုင်မာလာတယ်၊ ရှေ့ကို ဆက်တိုးတက်နေတာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဥက္ကဌ ကိုစိုးဝင်းဆွေက ပြောပါတယ်။
ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာလိုက်ပြီးနောက်ပိုင်း စစ်ရေး- နိုင်ငံရေးအရ စစ်တပ်ဖက်က ထိုးစစ်ဖြစ်သွားပြီ၊ တော်လှန်ရေးဖက်က ခံစစ်ဖြစ်သွားပြီ... စသဖြင့် ဝေဖန်သံတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နောက်ဆုံးတိုက်ပွဲလား...
- ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို တားဆီးဟန့်တားနိုင်မလဲ...
- မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်အထိ အရေးပါလာနိုင်သလဲ...
- အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းဖို့ တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ...
- တော်လှန်ရေးက ခံစစ်ဖြစ်သွားတာမဟုတ်ဘူး။ ပိုမိုခိုင်မာလာပြီး ရှေ့ကို ဆက်တိုးနေတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၃ - စက်တက်ဘာ - ၂၀၂၅)
တနသာင်္ရီတိုင်း ထားဝယ်မြို့ကနေ မေတ္တာမြို့ဖက်ကို ထားဝယ်-ထီးခီးလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းထဲက စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ လက်ရဖမ်းမိတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၂)၊ မနက် ရ နာရီခွဲခန့်မှာ ခလရ (၂၈၂) ဦးဆောင်တဲ့ စစ်ကြောင်းထဲက စစ်သား ၄ ဦးကို မေတ္တာမရောက်ခင် ကျောက်မဲတောင်နဲ့ ဝကုန်းကျေးရွာအနီးမှာ K.N.L.A တပ်ရင်း(၁၂), တပ်ခွဲ(၄)တပ်တွေက ဖမ်းမိတာလို့ဆိုပါတယ်။
ဒါ့အပြင်...
- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေ...
- သြဂုတ်လအတွင်း KNU မူတြော်ခရိုင်- တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲ ၉၃ ကြိမ်ဖြစ်ပြီး စစ်သား ၉ ဦးသေ၊ ၄ ဦးဒဏ်ရာရ...
- အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်သိမ်းနိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ ဒါပေမယ့် AA က လျှပ်တပြက် တန်ပြန်ထိုးစစ်ဆင်တဲ့အတွက် စစ်သားတွေ နောက်ပြန်ဆုတ်ပြီး စစ်တပ်ရဲ့ ကာကင်းစခန်းကိုတောင် AA ပြန်သိမ်းနိုင်...
- ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ် ဂွ- မြို့အထိ တက်သိမ်းပြမယ်လို့ ကြုံးဝါးထားတဲ့ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးတဦး ကိုယ့်မိုင်းကို ပြန်နင်းမိပြီး သေဆုံး...
- နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်- ပျုစောထီးရွာကနေ ထွက်လာတဲ့ ပျုစောထီး ယာဉ်တန်းကို တော်လှန်ရေးတပ်တွက မိုင်းဆွဲ တိုက်ခိုက်ရာမှာ ပျု ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂ - စက်တင်ဘာ - ၂၀၂၅)
တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထိန်းချုပ်နယ်မြေအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိလိုက်တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
AA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းလိုဇောနဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ အတင်းဖိပြီးထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA က လျှပ်တပျက် တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်သားတွေထွက်ပြေးသွားလို့ အခုလို နယ်မြေတွေ သိမ်းလိုက်နိုင်တာလို့ ရှေ့တန်းသတင်းရပ်ကွက်တွေက ပြောပါတယ်။
ဒါ့အပြင်...
- ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၃၀ ခန့်အထိ သေဆုံး...
- သြဂုတ် ၂၆ က ပစ်ခတ်ခဲ့တဲ့ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် စစ်သင်တန်းကျောင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်က ၂၀ ခန့် အထိ သေဆုံး...
- ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာ မြောက်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ခန့်သေဆုံး...
- ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ...
- စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုအတိုင်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ -မွန်ပြည်တော်လှန်ရေးတပ် (MSRF)က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁- စက်တင်ဘာ- ၂၀၂၅)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၅ ဦးသေပြီး သေနတ် ၆ လက် သိမ်းမိတယ်လို့ Karenni People's Voice က ဖေါ်ပြပါတယ်။
သြဂုတ် (၂၉)၊ မနက် (၁၀) နာရီခန့်မှာ အင်အား ၁၀၀ ကျော်နဲ့ စခန်းထိုင်းထားတဲ့ နေရာကို ဝင်တိုက်တာဖြစ်ပြီး ညနေ ၃ နာရီအထိ ၅ နာရီကြာ တိုက်ပွဲဖြစ်တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ပြောပါတယ်။
ဒါ့အပြင်...
- မြောင်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၃ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...
- အနောက်မြာက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ် ၁၀ လုံးနဲ့ပစ်ခတ်ရာမှာ စစ်သား ၈ ဦးသေပြီး ယမ်းခိုဒေါင် မီးလောင်...
- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနေ...
- အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်က ညောင်ကျိုးစခန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်လာနေ...
- ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ရဲစခန်းက ဒုရဲအုပ်တဦးဟာ G3 တလက်နဲ့အတူ ဒူရက စစ်ကြောင်းထံ ပူးပေါင်းလာ...
- ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာက ပျူစောထီးတဦးဟာလည်း MA2 (စက်ကလေး) ၁ လက်နဲ့အတူ ချောက်တော်လှန်ရေးတပ်(CRA) ထံ ပူးပေါင်းလာ...
- မန္တလေးတိုင်း အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် "TRI" ဗျူဟာရဲ့
အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)
(၃၀ - သြဂုတ် - ၂၀၂၅)
“စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲဟာ ပြသာနာတွေကို ပြေလည်စေမှာမဟုတ်ဘူး၊ ပြသာနာတွေကို ထပ်တိုးလာအောင် ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ ဆန့်ကျင်ရမှာဖြစ်တယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှု တိုးပွားနေတဲ့အခြေအနေ၊ စစ်ကောင်စီဥက္ကဌရဲ့ တရုတ်နိုင်ငံခရီးစဉ်အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးကထ်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို ဟန့်တားကြမှာလဲ...
- စစ်ကောင်စီဥက္ကဌရဲ့ တရုတ်ခရီးစဉ်က ဘာတွေ ထူးခြားလာနိုင်သလဲ...
- တော်လှန်ရေးအင်အားစုတွေဖက်က လုပ်နိုင်စွမ်းပြနိုင်ရင် တရုတ်သဘောထား ပြောင်းလာနိုင်သလား...
- တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့နိုင်ရေး အလာအလာက ဘယ်လိုရှိသလဲ...
- တော်လှန်စစ်ရဲ့ အရှိန်အဟုန်ကို ဘယ်လိုနည်းနာတွေနဲ့ ပြန်လည်မြှင့်တင်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၃၀- သြဂုတ် - ၂၀၂၅)
တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ သဘောင်္တစီးကို AA အာရက္ခတပ်တော်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
သြဂုတ် ၂၉ ညနေပိုင်းမှာ အဲဒီ စစ်သဘောင်္ကို AA က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဖြစ်ပြီး ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတာကို ကမ်းပေါ်ကနေ မြင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်...
- ရုရှားစီမံကိန်းတွေရှိတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရ...
- ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁ ဦးသေ၊ ထိခိုက်သူများ၊ ခဲယမ်းအချို့သိမ်းမိ...
- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY - PDF မန္တလေး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသတို့ကို စစ်တပ်ဖက်က ပြန်သိမ်းဟုဆို...
- နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းတွေကိုလည်း စစ်ကောင်စီဖက်က ထိန်းချုပ်လိုက်ပြီလို့ ဝါဒဖြန့်ချာနယ်တွေကဖေါ်ပြ...
- အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA နဲ့ စစ်ကောင်စီတပ်တွေ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်...
- ဝိုင်းမော်က လမြန်ရွာ ဘုရားကျောင်းတပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်တွေက ပြန်သိမ်းပိုက်...
- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ကြေညာချက်ထုတ်တဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးကို အကြမ်းဖက်အဖွဲ့- မတရားအသင်းအဖြစ် စစ်ကောင်စီက ကြေညာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၉ - သြဂုတ် - ၂၀၂၅)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးဖြစ်ပွားတဲ့ သီတင်းတပတ်ကြာ တိုက်ပွဲအတွင်း စစ်သား (၃၆)ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူးတဦးအပါ ဝင် ဒဏ်ရာရသူလည်း များတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၉ မနက် ၆ နာရီခန့်မှာ တိုက်ပွဲစတင်ပြီး ၂၅ ရက်နေ့အထိ ဆိုက်တိုက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက ကော့ကရိတ်အခြေစိုက် တပ်ရင်းတွေဆီ စစ်ကား အစီး ၅၀ နဲ့ လူအင်အား၊ လက်နက်အင်အားတွေ စစ်ကူပို့လာ...
- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲနေ...
- ဗန်းမော်တိုက်ပွဲအတွင်း စစ်ကြောင်းအလိုက် ချေမှုူန်းခံရလို့ သေဆုံးသွားသူတွေထဲမှာ ဗိုလ်ကြီး ခန့်ထက်နောင်လည်း ပါဝင်...
- ပုဂံမြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၂ ဦးသေဆုံးပြီးတဲ့နောက် ပုဂံမှာ လုံခြုံရေးတင်းကြပ်...
- PDF- ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို ၃ ရက်တာကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၈ - သြဂုတ် - ၂၀၂၅)
ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတခုလုံံးကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ချေမှုန်းနိုင်ခဲ့ပြီး လက်နက်များစွာရရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။
ဩဂုတ် ၂၃ က အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အဲဒီစစ်ကြောင်း ၂ အုပ်ကွဲသွားပြီး တအုပ်ကို လုံး၀ ချေမှုန်းလိုက်တယ်၊ တအုပ်က စကခ ၂၁ ထဲ ပြန်ဝင်ပြေးသွားတယ်လို့ ရှေ့တန်း သတင်းရပ်ကွက်ကပြောပါတယ်။
ဒါ့အပြင်...
- ဘုတလင်မြို့ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...
- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး အောင်ဇေယျ စစ်ကြောင်းဖက်က သေဆုံးမှုများနေ...
- ရေး-ထားဝယ် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသည်ကားတွေ ရာနဲ့ချီ ပိတ်မိနေ...
- ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတိယ စကခမှူး ဗိုလ်မှူးကြီး မျိုးသန့် တိုက်ပွဲအတွင်း သေဆုံး...
- ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်း...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)
(၂၇- သြဂုတ် - ၂၀၂၅)
“လူထုတရပ်လုံးက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ဒီ အတုအယောင်ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြသာနာအတွက် စစ်တပ်မှာပဲ တာဝန်ရှိတယ်၊ အဆိပ်ပင်ရေလောင်းတဲ့ နိုင်ငံရေးပါတီတွေမှာပဲ တာဝန်ရှိတယ်” လို့ KNU - ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။
ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို KNU က ဘယ်လိုအရေးယူ ဆောင်ရွက်သွားမှာလဲ...
- မြဝတီ-ကော့ကရိတ်- အာရှလမ်းပေါ်က တိုက်ပွဲအခြေအနေ...
- ရုရှား-တရုတ် အကူအညီနဲ့ အောင်မြင်သွားတဲ့ တော်လှန်ရေး၊ အောင်မြင်သွားတဲ့ နိုင်ငံတခုခု ရှိခဲ့ဖူးသလား...
- တနိုင်ငံလုံး စစ်ရေးအနေအထားအရ တော်လှန်ရေးတပ်တွေ စုပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၇ - သြဂုတ် - ၂၀၂၅)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် (၂၅)၊ ည (၁၁) နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက ဗုံး (၂) လုံး ကြဲသွားတာဖြစ်ပြီး ဒိုင်းကျီရပ်ကွက်မှာ အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံးမှုများရတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က Y 12 လေယောဉ်နဲ့ ဆက်တိုက်ဗုံးကြဲတဲ့အပြင် ဒရုန်းတွေနဲ့ပါ အဆက်မပြတ် ပစ်ခတ်နေ...
- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံး ၄ ကြိမ်ကြဲသွား...
- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၀ ဦးခန့်သေဆုံး...
- သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့-တိုက်ဒုံ-၉ လုံးနဲ့ တိုက်ခိုက်ရာမှာ ၉ လုံးစလုံး ပစ်မှတ်ကို ထိမှန်...
- ဒီဇင်ဘာမှာ စစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဥပဒေအရ တရား မဝင်တဲ့အပြင် လူထုဆန္ဖ္ဒနဲ့လည်း မကိုက်ညီဘူး။ “စစ်တပ်အတွက် အကျိုးရှိမယ့် လူ နဲ့ ပါတီရွေးချယ်ပွဲ” သာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး၊ ဆန့်ကျင် သွားမယ်လို့ KNU ဗဟိုက သဘောထား ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
အဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောကြားခဲ့သလဲ...
အခုကော ဒေါ်အောင်ဆန်းစုကြည်တယောက် အကျဉ်းစခန်းအတွင်း ဘယ်လို ဒုက္ခရောက်နေသလဲ...
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစံတရာ စဥ◌်းစားနိုင်အောင် ၂၀၁၉ ရိုက်ထားတဲ့ ရုပ်-သံ မှတ်တမ်းကို ပြန်လည်တင်ပြလိုက်ပါသည်။
(၂၆- သြဂုတ်- ၂၀၂၅)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ္မဖြစ်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကို KIA ကချင်လွတ်လပ်ရေးတပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။
သြဂုတ် ၂၃ မှာ အိမ်စီးကားတွေနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ဖားကန့်နဲ့ လုံးခင်းကြားက နမ္မဖြစ်ရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၂၅ ည ၁၁ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံတွေ ထိခိုက်မှုရှိ...
- မြင်းခြံမြို့ကနေ မာန်လည်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ခန့်သေဆုံးပြီး သေနတ် ၂ လက်၊ ဒရုန်းပစ်လက်နက်တခု သိမ်းမိ...
- PDF ကို စိန်ခေါ်တဲ့ တပ်ကြပ်တဦးကို မင်းကွန်းနယ်မြေရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာစဉ် လက်ရဖမ်းမိ...
- ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား သြဂုတ် ၂၅ နေ့လယ်ပိုင်းက တိုက်ပွဲ ထပ်ဖြစ်...
- မြဝတီမြို့ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် အမှတ်-၂ တံတားဆီ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ရောက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေ...
- ပုလောမြို့ ဆိပ်ကမ်းက ငါဖမ်းလှေပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်သားအချို့နဲ့ လှေပိုင်ရှင်၊ လှေသားတွေ သေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၂၅ - သြဂုတ် - ၂၀၂၅)
“ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးတပ်တွေက အချိန်မီ ရိုက်ချိုးနိုင်ဖို့ လိုတယ်။ ဒီလို ရိုက်ချိုးနိုင်ဖို့ တပ်ပေါင်းစုဖွဲ့တာ၊ စုပေါင်းဆောင်ရွက်တာတွေ အရှိန်မြှင့်သင့်တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအကြိုကာလအဖြစ် စစ်တပ်ဖက်ကနေ တန်ပြန်ထိုးစစ်လာနေတဲ့အပေါ် တော်လှန်ရေးတပ်တွေ ဘယ်လို ခုခံသင့်သလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ရှမ်းမြောက်- ကချင်နဲ့ ကရင်နီဖက်မှာ စစ်ကောင်စီဖက်က တန်ပြန်ထိုးစစ် ရှေ့တိုးလာနေတာ ဘာကြောင့်လဲ...
- ကရင်နဲ့ ရခိုင်စစ်မျက်မှာ တော်လှန်ရေးတပ်တွေဖက်က စခန်းသိမ်းတိုက်ပွဲတွေ ဆက် ဆင်နွဲနိုင်နေဆဲလား...
- တရုတ်ရဲ့ ဖိအားပေးမှုက အရှိန်ကောင်းနေတဲ့ နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းတွေကို တုန့်ဆုတ်သွားစေသလား...
- ရွေးကောက်ပွဲအကြိုကာလ စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးအင်အားစုတွေ ဘယ်လို စုပေါင်းခုခံသင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၅- သြဂုတ်- ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတွေ သေဆုံးမှုများပြီး သေနတ် ၁၀ လက် သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် (၆) ရက်ကနေ (၁၅) ရက်နေ့အထိ ၁၀ ရက်ကြာတိုက်ပွဲအတွင်း အခုလို သေဆုံးတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် ခမရ - ၅၈၉ ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး အချို့ဒဏ်ရာရ...
- ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အတွက် စစ်ကူတွေ ထပ်ဖြည့်နေ...
- နာမည်ကျော်ဂုတ်ထိပ်တံတား ကျိုးကျသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ TNLA- အပြန်အလှန် စွပ်စွဲနေ...
- သံဖြူဇရပ်မြို့ အဝင်ရှိ စစ်ကောင်စီရဲ့ ဖောင်စိန်စစ်ဆေးရေး (Tollgate)ကို မွန် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတဦးသေပြီ ၃ ဦးဒဏ်ရာရ...
- ရာမညမွန်တပ်တော် (RMA) ရဲ့ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲကို သြဂုတ် ၂၀ က ကျင်းပ...
- PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ အပတ်စဉ် (၇) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို သြဂုတ် ၂၂ က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၃- သြဂုတ် - ၂၀၂၅)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၈ ဦးအထိ သေဆုံးမှုရှိနိုင်တယ်လို့ Brave Warriors For Myanmar (BWM) က ဗီဒီယို သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၂၀ မှာ ရှော့တိုက်ဒုံး ၁ဝ လုံးနဲ့ပစ်ခတ်တာဖြစ်ပြီး ၉ လုံးက ပစ်မှတ်ကိုထိတယ်၊ သင်တန်းအဆောင် ၄ ခု မီးလောင်ပြီး စစ်သားတွေ သေဆုံးတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- သပိတ်ကျင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃) အနီးကို သြဂုတ် ၂၁ ညပိုင်းမှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်...
- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို သြဂုတ် ၂၂ မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲတဲ့အတွက် နေအိမ် ၅ လုံး မီးလောင်ပျက်စီး...
- သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် နေအိမ်တွေကို မီးရှိ့ုနေလို့ ရွာသားတွေ ထွက်ပြေးနေရ...
- ပုလောဒေသရှိ KNDO တပ်ရင်း(၇)တပ်ခွဲ(၃) ထံ စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာ...
- KNLA တပ်မဟာ ၅ ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို တပ်မဟာ တာဝန်ရှိသူတွေကကြိုဆိုပြီး ဆုငွေ ချီးမြှင့်...
- မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ မြေကြီးထဲ မြှုပ်နှံထားခဲ့တဲ့ လက်နက်တွေကို ရွာသားတွေကတွေ့ရှိပြီး မင်းတပ် CDF ထံ လာရောက်အပ်နှံ...
- မန္တလေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲ့ အခြေခံ စစ်ပညာ အပါတ်စဉ် ၅ သင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၂- သြဂုတ်-၂၀၂၅)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းမိတယ်လို့ မြင်းခြံခရိုင် အမှတ် ၄ - အမှတ် ၁၀ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၂၁၊ မွန်းတည့် ၁၂ နာရီခန့်မှာ ထော်လာဂျီတစီး၊ ဆိုင်ကယ် ၃ စီးနဲ့ ယောက်လာတဲ့ စစ်ယာဉ်တန်းကို စောင့်ကြိုပစ်ခတ်တာဖြစ်ပြီး စစ်သားအချို့သေ၊ အချို့ထွက်ပြေသွားတယ်လို့ဆိုပါတယ်။
ဒ့ါအပြင်...
- စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်းကနေတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေတဲ့အတွက် ဆွဲလွဲကျင်း- ကျင်ဒွေးလမ်းပိုင်း၊ ဆော- ကန်ပက်လက် လမ်းပိုင်းနဲ့ မကွေးကနေ ကန်ပက်လက်ဖက်တက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီ ပိတ်ထားလိုက်ပြီလို့ ကန်ပက်လက်- CDF က ကြေညာ...
- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး နေရာ ၆ ခုမှာ တိုက်ပွဲပြင်းထန်နေ...
- ကျောက်မဲမြိုနယ်၊ နောင်ပိန်ရွာဖက်ကို စစ်ကောင်စီဖက်က မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် TNLA တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ...
- TNLA, MNDAA နဲ့ SSPP တို့ကို လက်နက်ခဲယမ်းနဲ့ ငွေကြေးမကူညီတော့ဘူးလို့ UWSA - က ပြောဆို...
- ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...
- ထားဝယ်မြို့နယ် အရှေ့တော်ဒေသမှာ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ အထိနာပြီးတဲ့နောက် သြဂုတ် ၂၁ မှာတော့ စစ်တပ်က လေယာဉ်နဲ ကျေးရွာတွေကို ဗုံးကြဲ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၁- သြဂုတ်- ၂၀၂၅)
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ထော်သာရွာ ပျူစောထီး စခန်းသိမ်းပွဲကနေ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင် လက်နက်မျိုးစုံ ၂၃ လက်သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်သားအလောင်း (၃) လောင်း ရရှိပြီး (၉) ဦးက ထိခိုက်ဒဏ်ရာရ၊ ပျူစောထီး ခေါင်းဆာင်အပါဝင် ပျူ မိသားစုဝင် (၁၉၀) ဦးကို သုံ့ပန်းအဖြစ်ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင်...
- ဗန်းမော်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တင့်ကားတစီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ် ဖျက်ဆီး...
- ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့ အတွက် ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ...
- ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့် ချာနယ်တွေကဖေါ်ပြပေမယ့် အဲဒီသတင်း တဝက်လောက်သာ မှန်တယ်လို့ ကရင်နီဖက်ကပြော...
- ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ပေါ်ရှိ တတန်ကူးရွာအနီး ကရင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားမှာ ၁၅ ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ...
- ထားဝယ်မြိုနယ်၊ အရှေ့တောဒေသရှိ ပကာရီရွာကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA- PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်းများစွာ သိမ်းမိ...
- အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ရှေ့နေကြီး ဦးကြီးမြင့် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၀- သြဂုတ်- ၂၀၂၅)
“ဒါက မင်းအောင်လှိုင် သမ္မတဖြစ်ချင်လို့ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ လူတိုင်းသိနေတာပဲ၊ အာဏာသိမ်းတဲ့ မူလရည်ရွယ်ချက်ကိုက သမ္မတဖြစ်ချင်လို့ပဲ၊ ဒါပေမယ့် လူထုက လက်မခံရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး” လို့ ဝါရှင့်ဥပဒေပညာရှင် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ အပိုင်း (၁)ကို ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ရွေးကောက်ပွဲ အပိုင်း (၁) ဆိုတာဘာလဲ၊ ဘယ်နှစ်ပိုင်း ကျင်းပပြီး အချိန်ဘယ်လောက်ကြာနိုင်သလဲ...
- PR စနစ်အရ စစ်တပ်နဲ့ပေါင်းတဲ့ပါတီတိုင်း လွှတ်တော်မှာ အမတ်နေရာ အနည်းဆုံးတနေရာစီ ရနိုင်ခြေရှိသလား...
- စစ်တပ်မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရွေးကောက်ပွဲလုပ်ရင် ဘယ်လိုပြသာနာတွေ ဖြစ်လာနိုင်သလဲ...
- NUG ကို ဆယ်တန်းစာမေးပွဲ ၄ ကြိမ် ဆက်တိုက်ကျတဲ့ သူဌေးသားလို့ ဘာကြောင့်ပြောတာလဲ...
- စစ်တပ်လုပ်သမျှကို လူထုက အရင်လို ဆက် ငြိမ်ခံမှာလား- ဆက်တော်လှန်မှာလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၂၀- သြဂုတ်- ၂၀၂၅)
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး အထိုင်စခန်းကြီးတခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်များစွာ၊ သုံ့ပန်းများစွာ ဖမ်းမိတယ်လို့ NUG ရဲ့ PVTV က ဖေါ်ပြပါတယ်။
KIA -ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက
ဩဂုတ် ၁၅၊ ည ၇ နာရီခွဲခန့်မှာ သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ဒီးမောဆိုမြို့နယ်အတွင်း ဝင်လာတဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတဲ့အတွက် လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးအပေါ် အရပ်သားတွေ သွားလာမှု လုံး၀ မလုပ်ကြဖို့ KNDF က သတိပေးချက်ထုတ်ပြန်...
- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်နေတယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းပြန့်...
- တရုတ်အစိုးရရဲ့ကြားဝင်မှုအရ TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ကူမင်းမှာ တွေ့ဆုံဖို့ရှိနေ...
- ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုဖေါ်ဆောင်ပေးမယ့်အစား ပဋိပက္ခတွေကိုသာ ပိုမို နက်ရှိုင်းစေမှာဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC ) က ကြေညာချက်ထုတ်ပြန်...
- KNU ဌာနချုပ်ဟောင်း မာနယ်ပလောစခန်းသိမ်းတိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ Force for Federal Democracy (FFD) တပ်ဖွဲ့ဝင် ၂၅ ဦးကို KNLA စစ်ဦးစီးချုပ်က ဂုဏ်ပြု ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)
(၁၉ -သြဂုတ်-၂၀၂၅)
“တရုတ်ရဲ့အားတိုးဆေးကြောင့် ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ စစ်အဟုန်ကို တော်လှန်ရေးတပ်တွေစုပေါင်းပြီး ရိုက်ချိုးနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်” လို့ ချင်းညီနောင်အဖွဲ့ -CB- ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အကြောင်းပြပြီး ခေါင်းပြန်ထောင်လာတဲ့ စစ်ကောင်စီကို တော်လှန်ရေးတပ်တွေက ဘယ်လိုတုန့်ပြန်ကြမလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ERO ထိန်းချုပ်ဒေသတွေအတွင်းအထိ စစ်တပ်က ရွေးကောက်ပွဲဝင်လုပ်နိုင်ခြေရှိသလား...
- တရုတ်အားတိုးဆေးက စစ်မြေပြင်အခြေအနေကို အပြောင်းအလဲဖြစ်စေတဲ့အထိ အရေးပါလာနိုင်သလား...
- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးတပ်တွေနဲ့ အများပြည်သူက ဘယ်လိုတုန့်ပြန်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၉- သြဂုတ်- ၂၀၂၅)
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၃ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၅ လက်သိမ်းမိတယ်လို့ ပြည်ခရိုင်၊ တပ်ရင်း - ၃၆၀၂ က သတင်းထုတ်ပြန်ပါတယ်။
အင်အား ၄၀ ကျော်နဲ့ အခြေချထားတဲ့ ဒီစခန်းကို ဩဂုတ် ၁၅၊ မနက် ၅ နာရီခွဲခန့်မှာ စတင်တိုက်ခိုက်ပြီး ပင်မစခန်းအပြင် စာသင်ကျောင်းကုန်း၊ သစ်တောကုန်းနဲ့ ဆက်သွယ်ရေးကုန်းက စစ်သားတွေပါ အကုန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအထိုင်စခန်းတွေကို ၆၀ မမ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က သေဆုံးများနိုင်တယ်လို့ Federal Revolution Force- FRF က ဗီဒီယို မှတ်တမ်း ထုတ်ပြန်...
- ပုလောမြို့နယ်၊ အင်ဖုံးကျေးရွာရှိ တမိုင်ကုန်းစခန်းက စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် KNU တပ်တွေက သိမ်းပိုက်...
- ဗန်းမော်မြို့ရှိ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးနဲ့ ဗန်းမော် တက္ကသိုလ်ဖက်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်နေ...
- ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး ရှေ့တန်း ကာကင်းစခန်း ၄ ခုကို စစ်တပ်ဖက်က ပြန်သိမ်းနိုင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချာနယ်တွေကဆို...
- TNLA နဲ့ MNDAA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲအတွက် ရှမ်းလူထုကို အတင်းအကျပ်ခိုင်းစေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ RCSS ရှမ်းပြည်ပြည်တပ်မတော်က ပြောဆို...
- ရွေးကောက်ပွဲ အစီစဉ် အပိုင်း (၁)ကို ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ်လို့ စစ်ကောင်စီ ကြေညာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- ချင်းညီနောင်)
(၁၈- သြဂုတ်- ၂၀၂၅)
“ဒီခရီးစဉ်က တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်၊ အခုချိန်ဟာ တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့အချိန်လည်းဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ (CB) ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ KIA ခေါင်းဆောင်တွေ၊ NUG ခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- KIA ခေါင်းဆောင်ပိုင်းနဲ့ ချင်းညီနောင်တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လို ထူးခြားမှုရှိသလဲ...
- NUG ခေါင်းဆောင်ပိုင်းနဲ့ မြေပြင်တပ်တွေကြားမှာ ဘယ်လို ကွာဟချက်တွေ ဆက်ရှိနေသေးသလဲ...
- လိုင်ဇာတွေ့ဆုံမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
( ချင်းညီနောင် ထိန်းချုပ်ဒေသအပါဝင် နေရာအတော်များများမှာ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုရင်ဆိုင်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၈ သြဂုတ် ၂၀၂၅)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဖက်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေပြီး သေနတ် ၃ လက်သိမ်းမိတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁၄၊ မနက် ၆ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်...
- ညောင်ဦးမြို့နယ် ရွာသစ် တာင်ကြားဘူတာရုံဟောင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး ခဲယမ်းအချို့သိမ်းမိ...
- မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မမုန်ကိုင်နဲ့ မိုင်းနောင်ရွာဘက်က စခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သြဂုတ် ၁၆ မှာ ပြန်သိမ်းပိုက်...
- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်၊ သပြုတောင်၊ လိပ်ခမော်၊ ရွာသစ် (လှေဆိပ်)ဖက်မှာဖြစ်ပွားတဲ့ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများ...
- မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၁၇ မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ကလေးတဦးအပါဝင် ၂ ဦးသေဆုံး...
- ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သားသေဆုံးသူ ၂၄ ဦးအထိရှိလာနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၇ သြဂုတ် ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၂၀ ခန့်ကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်မှာ တိုက်ပွဲစဖြစ်ပြီး မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အခုလို သေဆုံးတာလို့ ဆိုပါတယ်။ စစ်ကောင်စီဖက်က တပ်မ ၉၉ လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာတာကို တန်ပြန်တိုက်ခိုက်လိုက်တာလို့ ဖေါ်ပြပါတယ်။
ဒါ့အပြင်...
- မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၁၅ ရက်ညမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၂၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ...
- မြိုင်နဲ့ ပေါက်မြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၃၀၀ ခန့်သေဆုံးပြီး ၁၀၀ ခန့် အလင်းဝင်လာ...
- ဝက်လက်မြို့နယ်၊ ပုလဲသွယ်ရွာဖက် ဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂၀ ခန့်ဒဏ်ရာရပြီး သေနတ်တလက် သိမ်းမိ...
- ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၇ ဦးသေဆုံး...
- ပလမြို့မှာ သီတင်း ၂ ပတ်ကျော်ကြာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က ၅၃ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ၊ လက်နက် ၅ လက် သိမ်းမိ...
- ပခုက္ကူခရိုင် Local တပ်ရင်း (၁) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို သြဂုတ် ၄ ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- လင်းထက်အောင် (CDM ဗိုလ်ကြီး)
“စစ်တပ်ကို ခံစစ်နဲ့သွားလုပ်လို့မရဘူး။ လက်ဦးမှုရှိရှိ ထိုးစစ်လုပ်နေဖို့လိုတယ်။ တရုတ်ဖိအားကြောင့် အပစ်ရပ်ရာကနေ အခုအခြေအနေထိ ရောက်သွားတာဖြစ်တယ်” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
နောင်ချိုကနေ TNLA ဘာကြောင့် ဆုတ်ခွာပေးရတာလဲ၊ တော်လှန်ရေးတပ်တွေ ဟန်ချက်ညီ စစ်ရေးဖေါ်ဆောင်မှုမလုပ်နိုင်လို့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- TNLA က ထိုးစစ်ကနေ ခံစစ် ဘာကြောင့်ဖြစ်သွားတာလဲ...
- စစ်တပ်ဖက်မှာ ဒရုန်းနည်းပညာနဲ့ တရုတ်ဒရုန်းတွေ အတော်အလုပ်ဖြစ်နေပြီလား...
- နောင်ချိုကိုရသွားလို့ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်တွေ စိတ်ဓာတ်တက်ကြွလာနိုင်သလား...
- စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်မလာခင် လက်ဦးမှုရှိရှိ တော်လှန်ရေးဖက်က ထိုးစစ်ကို ဘယ်လိုအရှိန်မြှင့်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)
“စစ်ရေးအရ ဒေသအလိုက် တိုက်ပွဲဝင်နေတာအပြင် နိုင်ငံရေးအရ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လှုပ်ရှားမှုတွေဆောင်ရွက်ဖို့လိုတယ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံအသစ်နဲ့ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ဆောင်ရွက်ဖို့လိုအပ်တယ်” လို့ ဥပဒေအထောက်ပြုအဖွဲ့ တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။
နောင်ချိုကနေ TNLA တပ်တွေ ဘာကြောင့်ဆုတ်ခွာပေးရသလဲ၊ တပ်ပေါင်းစုဖွဲ့ပြီး ဘယ်လိုခုခံနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- နောင်ချိုကနေ TNLA တပ်တွေ ဘာကြောင့် ဆုတ်ခွာပေးလိုက်ရတာလဲ...
- ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကြားမှာ ဘယ်လိုကွာခြားချက်တွေ တွေ့ရသလဲ...
- ပြောက်ကျားစစ်နဲ့ ခံစစ်သေ အားသာချက်- အားနည်းချက် ဘယ်လိုရှိသလဲ...
- တော်လှန်ရေးတပ်တွေ မိုလိုပေါက်နေတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ...
- ဖက်ဒရယ်ဖွဲ့စည်းပုံသစ်နဲ့ ဖက်ဒရယ်တပ်မတော် ဘာကြောင့် လိုအပ်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
(၁၈ - ဇူလိုင်- ၂၀၂၅)
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေလွဲကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိ ၄ ဦး အပါအဝင် စစ်သား ၄၀ ခန့်အထိ သေဆုံးတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ - NPT က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၇ ရက်မှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တနေကုန်တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ အရာရှိ ၄ ဦးအပါဝင် စစ်သား ၄၀ ခန့်သေဆုံး၊ ၂၀ ခန့်ဒဏ်ရာရပြီး စစ်တောင်းမြစ် အနောက်ဖက်ကမ်းကို ပြန်ဆုတ်သွားတယ်လို့ ဖေါ်ပြပါတယ်။
ဒါ့အပြင်...
- မြဝတီမြို့ တောင်ဘက်ခြမ်းရှိ ထိုင်း-မြန်မာနယ်စပ်က ဝေါလေဗျူဟာကုန်းမှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံ ၁၀၀၀ ခန့် ထိုင်းဖက် ထွက်ပြေးလာ...
- ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ...
- ဝက်လက်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးနဲ့အမျီုးသမီးတွေအပါဝင် ၁၀ ကျော်သေဆုံး...
- ပဲခူး အင်းတကော် (၉၀၆) စစ်အင်ဂျင်နီယာတပ်က စစ်သားတဦးဟာ MA1 (၁)လက်နဲ့အတူ ဇူလိုင် ၇ ရက်မှာ တပ်ရင်း(၉၀၁)ထံ ခိုလှုံလာ...
...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
၁၇ ဇူလိုင် ၂၀၂၅
ထားဝယ်- ကလိန်အောင် ဘက်ကနေ ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင် စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်ကို ကြားဖြတ် တိုက်ခိုက်တဲ့တော်လှန်ရေးတပ်တွေထဲ PDF တပ်တွေနဲ့ မွန် တပ်တွေလည်း ပါဝင်တယ်လို့ ဗျူဟာ ၃၃ စစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၁ ကနေ ၁၅ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ဗိုလ်မှူးအောင်ဘိုဟိန်းနဲ့ စစ်သား ၄ ဦး သေဆုံး၊ ၄ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်းနဲ့ RPG လောင်ချာ အပါအဝင် လက်နက် ၁၁ လက် သိမ်းမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ကော့ကရိတ်မြို့နယ် ကျုံဒိုးဒေသအတွင်း ဖြစ်ပွားတဲ့ ဇူလိုင် ၁၅ ရက် တိုက်ပွဲမှာ စစ်ကောင်စီနဲ့ DKBA ခွဲထွက်အဖွဲ့က ၁၀ ဦးကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ...
- ပခုက္ကူ လေယာဉ်ကွင်း အနောက် ဘတ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ ခလရ ၂၅၄ က အရာရှိတဦး အပါအဝင် စစ်သား ၆ ဦးသေဆုံး...
- ငဖဲမြိုနယ်၊ ကပစ ၁၄ နဲ့ ၂ မိုင်ခန့် အကွာမှာမှာ စစ်ကောင်စီ တပ်နဲ့ အာရက္ခတပ်တော် (AA) ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများစွာနဲ့ ဆုတ်ခွါသွား...
- ဗန်းမောက်မြို့နယ် မြစ်သေးချင်း ကျေးရွာအနီး စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် (SNA) တပ်တွေ ရှေ့တိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေက နယ်မြေရှင်းရာမှာ ပြည်သူ့စစ် ၃ ဦး သေပြီး G-3 တလက် သိမ်းမိ...
- နောင်ချို မြို့ပေါ် နေရာအားလုံးကို ဇူလိုင် ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီမှာ ပြန်လည်ထိန်းချုပ် နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကဖေါ်ပြ...
- ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ က စစ်သားသစ် ၂ ဦးဟာ MA-4 ၁ လက်၊ MA-3 ၁ လက်နဲ့ အတူ အမှတ် ၃၆၀၁ တပ်ရင်းထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဆလိုင်း ကစ်ခိုလျန် (ဖက်ဒရယ်အရေး အကြံပေးဆွေးနွေးသူ)
၁၆ ဇူလိုင် ၂၀၂၅
“တပြည်လုံးအရေးအတွက် ဗမာတွေနဲ့ဆွေးနွေးတဲ့အခါ ဖက်ဒရက်ပြည်ထောင်စုကို တောင်းဆိုနေကြပြီး ကိုယ့်ပြည်နယ်အတွင်းရေးကျတော့ တပြည်ထောင်စနစ်၊ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးချင်နေကြတာလား” ဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ ဖက်ဒရယ်အရေးအကြံပေးဆွေးနွေးသူ ဆလိုင်းကစ်ခိုလျန်က ပြောပါတယ်။
ချင်းပြည်နယ် ရီခေါဒါဖက်မှာ ဖြစ်ပွားနေတဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြားက ပွတ်တိုက်မှုတွေကို ဘယ်လိုဖြေရှင်းသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ရီခေါဒါဖက်က တင်းမာမှုအခြေအနေ တစုံတရာပြေလည်လာနေပြီလား...
- ကလေးဖက်ကနေ ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ခုခံနေစဉ် ဒီပြသာနာ ဘာကြောင့်ပေါ်လာတာလဲ...
- စစ်တပ်မရှိရင် တိုင်းရင်းသားတွေ အချင်းချင်း ထချကုန်လိမ့်မယ်လို့ စစ်တပ်က ဝါဒဖြန့်နိုင်သလား...
- တပြည်လုံးအရေးမှာ ဖက်ဒရယ်ကိုတောင်းဆိုနေပြီး ကိုယ့်ပြည်နယ်တွင်းကျ တပြည်ထောင်စနစ် ကျင့်သုံးချင်နေတယ်လို့ ဘာကြောင့်ပြောတာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
၁၆ ဇူလိုင် ၂၀၂၅
တရုတ် စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အမှတ် ၃၂ ရဲတပ်ရင်းကို AA (အာရက္ခတပ်တော်) က အဓိကထား ထိုးစစ်ဆင်နေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။
ဒါ့အပြင် ဓညဝတီ ရေတပ်ဌာနချုပ် အနီးမှာလည်း တိုက်ပွဲတွေ စတင် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်...
- တနင်္သာရီတိုင်း ရေဖြူမြိုနယ်၊ ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင် စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA တပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကြောင်းမှူး အပါအဝင် သေဆုံးသူ များပြီး ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ လက်ခန့် သိမ်းမိ...
- လူထုကောင်းစားရေးမပါပဲ စစ်တပ်ကောင်းစားရေးပဲ လုပ်နေတဲ့အတွက် ဘက်ပြောင်းလာရတာဖြစ်တယ်လို့ နတ်အိမ်တောင်စခန်းက တပ်ခွဲမှူးပြောဆို...
- ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေး တပ်တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်ကောင်စီ စစ်သားတဦးကို MA-1 တလက်၊ ခဲယမ်းတွေနဲ့ အတူ လက်ရဖမ်းမိ...
- စစ်ကောင်စီ တပ်တွေ နောင်ချို မြို့စွန်ရပ်ကွက်တွေထဲ ရောက်လာနေပြီဖြစ်ပေမယ့် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဘက်က ဆုတ်ပေးလိုက်တာမဟုတ်ဘဲ ဆက်လက် တိုက်ပွဲဖြစ်နေဆဲလို့ ရွှေဖီမြေ ဖော်ပြ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
၁၅ ဇူလိုင် ၂၀၂၅
နောင်ချိုမြို့နယ်မှာ လနဲ့ချီ တိုက်ပွဲဖြစ်ပြီးနောက် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီ တပ်သားအချို့ မြို့စွန် ရပ်ကွက်တွေထဲ ဝင်ရောက်လာတာတွေ့ရတယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖော်ပြပါတယ်။
TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်) ဘက်ကတော့ ဇူလိုင် ၁၄ ရက် နောင်ချို အခြေအနေကို ဘာမှ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ဒါ့အပြင်...
- တောင်ခမ်းကနေ နောင်ချိုဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်ထဲက စစ်သားသစ်တွေ ဒါဇင်နဲ့ ချီပြီး လက်နက်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်...
- ဖားဆောင်းမြို့နယ် မော်ချီး ဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၆ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ...
- ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အထက်ပိုင်းကို စစ်ကောင်စီ တပ်တွေ ဝင်လာတဲ့အတွက် တော်လှန်ရေး တပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်ဗိုလ်တဦး သေဆုံး...
- ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ အထက ၁ မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီး အဖွဲ့က ၅ ဦးခန့် မြို့ထဲ ထွက်လာစဉ် တော်လှန်ရေး တပ်တွေက ပစ်ခတ်ရာမှာ ၄ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...
- ငဖဲမြို့နယ်၊ နတ်ရေကန် စခန်းက စစ်သားသစ် တဦးဟာ MA-1 တလက်နဲ့ အတူ သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံ ခိုလှုံလာ...
- ဇူလိုင် ပထမ သီတင်းပတ်အတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
၁၄ ဇူလိုင် ၂၀၂၅
“ဒေသတခုချင်း၊ ပြည်နယ်တခုချင်း စစ်ကောင်စီ ကင်းစင်ရေးကနေ နေပြည်တော်မှာ စစ်ကောင်စီ ကင်းစင်ရေး၊ တနိုင်ငံလုံးမှာ စစ်ကောင်စီကင်းစင်ရေးကိုပါ တပြိုင်တည်းစဉ်းစားဖို့လိုတယ်၊ ဒီအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဒေသအလိုက် စစ်ကောင်စီကင်းစင်ရေးဆောင်ရွက်မှုတွေ အတိုင်းအတာတခုထိ အောင်မြင်ပေမယ့် နေပြည်တော်ကမှာ စစ်ကောင်စီခိုင်မာနေသရွေ့ အချိန်မရွေး ပြန်ဒုက္ခပေးနိုင်တာကြောင့် ERO နဲ့ NUG ပူးပေါင်းဆောင်ရွက်ရေး၊ NUG ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းနေရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးအရှိန်အဟုန် နှေးကွေးသွားတာ ဘာကြောင့်လဲ...
- ERO တွေအားလုံး ဟန်ချက်ညီ စစ်ရေးလှုပ်ရှားနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ...
- NUG ပြုပြင်ပြောင်းလဲရေးက ဘာကြောင့်အရေးတကြီးလိုအပ်နေတာလဲ...
- တခုချင်းလွတ်မြောက်ရေးကနေ တစုံလုံးလွတ်မြောက်ရေးအတွက်ပါ စဉ်းစားဖို့လိုတာ ဘာကြောင့်လဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
၁၃ ဇူလိုင် ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထ စစ်ကောင်စီစခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက ဇူလိုင် ၁၂ မှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေ ဒါဇင်နဲ့ချီ ထိုင်းနယ်မြေထဲထွက်ပြေးသွားပြီး ၈၁ မမ၊ ၆၀ မမ မော်တာတွေအပါဝင် လက်နက်ကြီး လက်နက်ငယ် ၅၀ ကျော်နဲ့ ခဲယမ်းများစွာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဒါ့အပြင်...
- နောက်ဆုံးကျန်နေတဲ့ ဝေါလေဗျုဟာကုန်းကို တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲ...
- ကလိန်အောင်မြိုနယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA တပ်မဟာ ၄ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကြောင်းမှူးအပါဝင် ၄ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂ လက် ရရှိ...
- နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနဲ့ ကျောက်ကြမ်းကျေးရွာ ၅ ရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ TNLA က သတင်းထုတ်ပြန်...
- နောင်ချိုမြို့ထဲ စစ်ကြောင်းအချို့ရောက်နေပြီလို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြ...
- သပိတ်ကျင်းဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဟာ သပိတ်ကျင်းမြို့နဲ့ ၄ မိုင်အကွာအထိ ရောက်လာနေဟုဆို...
- ပဒါန်းတပ်နယ်၊ ကန်တုတ်စစ်ဆေးရေးဂိတ်ကနေ ပုသိမ်း-မုံရွာလမ်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများ...
- ဟားခါးမြို့က ရဲတပ်သားတဦး လက်နက်နဲ့အတူ ဇူလိုင် ၆ ရက်မှာ (CDF – Hakha) ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
၁၃ ဇူလိုင် ၂၀၂၅
“စစ်ကောင်စီက ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေက နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့လိုတယ်၊ ရွေးကောက်ပွဲကိုတားဆီးနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အာဆီယံအစည်းဝေးက တိုက်တွန်းတဲ့အတိုင်း ရွေးကောက်ပွဲထက် အားလုံးပါဝင်တဲ့ဆွေးနွေးရေးကို ဦးစားပေးပါဆိုတာကို စစ်ကောင်စီက လက်ခံပါ့မလား၊ ရွေးကောက်ပွဲအကြိုကာလ စစ်ရေးအခြေအနေတွေက ဘယ်လိုပြောင်းလဲလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- အာဆီယံရဲ့ တိုက်တွန်းချက်အပေါ် စစ်ကောင်စီက မလိုက်နာရင် ဘာဆက်လုပ်ကြမလဲ...
- နောင်ချိုစစ်မျက်နှာကနေ တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးရမယ့် အခြေအနေ ဖြစ်နေတာ ဘာကြောင့်လဲ...
- KIA အပေါ်မှာလည်း တရုတ်ဖိအားက ပိုတိုးလာနေသလား...
- ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်ကို စစ်ရေးအရ ဖိအားပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်နေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(AA ဖက်က စစ်ရေးအခြေအနေ၊ NUG ပြုပြောင်းလဲရေး... စတဲ့ ဆွေးနွေးချက်တွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။


